Posts

Showing posts from April, 2020

စာအုပ်အညွှန်း - နှင်းငွေတထောင့် မိုးတမှောင့်

Image
"စာအုပ်အညွှန်း" အခု မိတ်ဆက်ပေးမယ့် စာအုပ်ကတော့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ " နှင်းငွေ့တထောင့် မိုးတမှောင့် " စာအုပ်လေးပဲ ဖြစ်ပါတယ်။ ဒီစာအုပ်လေးက စိတ်ပညာပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။ ဒီစာအုပ်လေးမှာဆိုရင် တက္ကသိုလ်ဆရာ မြင့်နွယ်နဲ့ မွန်မွန်ဆိုတဲ့ လက်မသန်သူ ဆယ်ကျော်သက် ကလေးမတို့ တွေ့ဆုံရင်း မေတ္တာကိုအခြေခံကာ ပေါက်ဖွားလာတဲ့ ချစ်ခြင်းကို ဖော်ပြထားပါတယ်။  အစပိုင်းမှာ ဆရာမြင့်နွယ်ဟာ မွန်မွန့်ကိုတွေ့တော့  ငယ်စဥ်အချစ်ဦး စင်သီယာအကြောင်း တွေးမိခဲ့ပါတယ်။ ထိုမှ ဆက်နွယ်ရင်း မွန်မွန် နဲ့ ဆရာ ဘယ်လိုတွေ ရင်းနှီးသွားကြမလဲ။  မွန်မွန်ရဲ့ လက်မသန်တဲ့ရောဂါကို  ပျောက်အောင်ကုနိုင်မှာလား .. ?? အချစ်ဦး စင်သီယာနဲ့ရော ပြန်တွေ့နိုင်မှာလား .. ?? မွန်မွန့်အနေနဲ့ မိသားစုအခြေအနေကြောင့် ဆရာ့ကို တွယ်တာမိရင်း အသက်အရွယ်မတူ တဲ့ လူကြီးတယောက်ကို ချစ်ခဲ့မိတယ်။ အချစ်မှာ အသက်အရွယ်မရှိတာကို ခံစားမိနိုင်မှာပါ။ ဒီစာအုပ်မှာ အကြိုက်ဆုံးအခန်းက အချစ်ဦး စင်သီယာ က မြင့်နွယ် ကို "မောင့်အမေနဲ့ စင်သီယာ ဘယ်သူ့ကို ပိုချစ်လဲ " တဲ့။ အဲ့ဒီ မေးခွန်းကို မြင့်နွယ်ဖြေပုံလေး ကျွန်မ သိပ်သဘောကျမိတယ်။...

စာအုပ်အညွှန်း - အရှေ့တံခါးအဝင်

Image
"စာအုပ်အညွှန်း" အားလုံးပဲမင်္ဂလာပါ ဒီတခါ မိတ်ဆက်ပေးချင်တဲ့ စာအုပ်ကတော့ ဆရာမ ပုညခင်ရဲ့  " အရှေ့တံခါးအဝင် " ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။ အဲ့ဒီစာအုပ်ဟာဆိုရင်ဖြင့် ဟိုတယ်၊ နိုက်ကလပ်၊ လမ်းဘေးစတဲ့ အမှောင်လောကမှာ ရှင်သန်နေရတဲ့ မိန်းကလေးတွေရဲ့အကြောင်းကို ရေးသားပုံဖော်ပြသထားတဲ့ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်လို့ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ဂရုဏာသက်စရာလည်း ကောင်းလှပါတယ်။ ဒုက္ခရောက်နေချိန် ကူညီမလိုလိုနဲ့ အမြတ်ထုတ်သွားတဲ့ အမဝမ်းကွဲဖြစ်သူကြောင့် အမှောင်လောကထဲကို မရောက်ချင်ဘဲရောက်သွားရတဲ့ ပြည့်တန်ဆာမလေးရွှေကြာ။ ရွှေကြာကိုတော့ သူ့ရဲ့ညီမနှစ်ယောက်ကို သူ့လိုပြည့်တန်ဆာဖြစ်မှာကြောက်လို့ လမ်းမမှားအောင် ပြုစုပျိုးထောင်ပေးနေတဲ့ အမတစ်ယောက်၊ မိမိကဲ့သို့ ထိုလောကထဲမှရုန်းထွက်မရဖြစ်နေသော ဘ၀တူမိန်းကလေးတွေကို အတတ်နိုင်ဆုံးကူညီပေးနေတဲ့ သူငယ်ချင်းကောင်းတစ်ယောက် အဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ တစ်နေ့မှာဘ၀တူပြည့်တန်ဆာမလေးတစ်ယောက်ကိုကူညီရင်း သတိုးသိုက်ဆိုတဲ့ ကောင်းလေးတစ်ယောက်နဲ့ အမှတ်မထင်ဆုံမိခဲ့တယ်။ သတိုးသိုက်ရဲ့ချစ်သူ စံထားညိုဟာ ရွှေကြာအရမ်းကို လေးစားအားကျတဲ့ မန်နေဂျာတစ်ယောက်ပေါ့။ သတိုးသိုက်ကိုချစ်မိသွားရာ...