စာအုပ်အညွှန်း - နှင်းငွေတထောင့် မိုးတမှောင့်
"စာအုပ်အညွှန်း"
အခု မိတ်ဆက်ပေးမယ့် စာအုပ်ကတော့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ "နှင်းငွေ့တထောင့် မိုးတမှောင့်" စာအုပ်လေးပဲ ဖြစ်ပါတယ်။
ဒီစာအုပ်လေးက စိတ်ပညာပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။
ဒီစာအုပ်လေးမှာဆိုရင် တက္ကသိုလ်ဆရာ မြင့်နွယ်နဲ့ မွန်မွန်ဆိုတဲ့ လက်မသန်သူ ဆယ်ကျော်သက် ကလေးမတို့ တွေ့ဆုံရင်း မေတ္တာကိုအခြေခံကာ ပေါက်ဖွားလာတဲ့ ချစ်ခြင်းကို ဖော်ပြထားပါတယ်။
အစပိုင်းမှာ ဆရာမြင့်နွယ်ဟာ မွန်မွန့်ကိုတွေ့တော့
ငယ်စဥ်အချစ်ဦး စင်သီယာအကြောင်း တွေးမိခဲ့ပါတယ်။ ထိုမှ ဆက်နွယ်ရင်း မွန်မွန် နဲ့ ဆရာ ဘယ်လိုတွေ ရင်းနှီးသွားကြမလဲ။
မွန်မွန်ရဲ့ လက်မသန်တဲ့ရောဂါကို
ပျောက်အောင်ကုနိုင်မှာလား .. ??
အချစ်ဦး စင်သီယာနဲ့ရော ပြန်တွေ့နိုင်မှာလား .. ??
မွန်မွန့်အနေနဲ့ မိသားစုအခြေအနေကြောင့် ဆရာ့ကို တွယ်တာမိရင်း အသက်အရွယ်မတူ တဲ့ လူကြီးတယောက်ကို ချစ်ခဲ့မိတယ်။
အချစ်မှာ အသက်အရွယ်မရှိတာကို ခံစားမိနိုင်မှာပါ။
ဒီစာအုပ်မှာ အကြိုက်ဆုံးအခန်းက အချစ်ဦး စင်သီယာ က မြင့်နွယ် ကို "မောင့်အမေနဲ့ စင်သီယာ ဘယ်သူ့ကို ပိုချစ်လဲ " တဲ့။
အဲ့ဒီ မေးခွန်းကို မြင့်နွယ်ဖြေပုံလေး ကျွန်မ သိပ်သဘောကျမိတယ်။
ကဲ.. ဘယ်လိုဖြေလဲ သိချင်ရင် ဖတ်ကြည့်ကြနော်။ယောက်ျားလေးတွေတော့ သဘောကျမှာ အမှန်ပါပဲ။
ဒီစာအုပ်လေးဟာ ၁၉၇၂ ခုနှစ်တုန်းက အမျိုးစားစာပေဆု ရခဲ့ပါတယ်။ စာမျက်နှာ (၂၇၃) မျက်နှာပါဝင်ပြီး တန်ဖိုး (၄၀၀၀) ကျပ်ဖြစ်ပါတယ်။
စာအုပ်အညွှန်းရေးသားသူ - မကြည်လင်းလက်စိုး
Comments
Post a Comment