စာအုပ်အညွှန်း - ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား

"စာအုပ်အညွှန်း"

အခုပြောပြမယ့် စာအုပ်ကတော့ မိုးမိုး(အင်းလျား)ရဲ့ "ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား" ဆိုတဲ့စာအုပ်ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်မှာတော့ ဆယ်ကျော်သက်အရွယ်မှာ ပေါက်ဖွားလာတတ်တဲ့ အချစ်ရဲ့သဘောတရားတွေ၊ မရင့်ကျက်မှုတွေ၊ အချစ်ကို ယုံကြည်လွန်းလို့ ပျက်စီးသွားရတဲ့အကြောင်းတွေကို ဦးတည်ထားပါတယ်။

ငယ်ရွယ်နုနယ်တဲ့ "စု" ဆိုတဲ့ မိန်းကလေးတဦးရဲ့ အချစ်ကို ကိုးကွယ်လွန်းပုံ၊ အိမ်ထောင်စောစောကျပီး သူဌေးသမီးမို့ ဘ၀အကြောင်းမသင်ယူခဲ့ရတော့ ဒုက္ခအဖြာဖြာကြုံရပုံ၊ သူမ မိသားစုနဲ့ လင်ယောက်ျားအကြား ဗျာများရပုံတို့ကို ဆရာမက ရိုးရိုးနဲ့ရှင်းရှင်းနားလည်အောင် စီကုံးရေးသားထားပါတယ်။

ဒီတော့ ကျောင်းပိတ်ရက် ဆွေးမြေ့မြေ့နွေရာသီမှာ စာအုပ်လေးကို လွမ်းလွမ်းလေးခံစားပြီး ဖတ်လိုက်ရအောင်။ စာအုပ်တန်ဖိုးကတော့ (၁၅၀၀) ဖြစ်ပြီး စာမျက်နှာ (၂၆၃) မျက်နှာ ပါဝင်ပါတယ်။

စာအုပ်အညွှန်းရေးသားသူ - မကြည်လင်းလက်စိုး

Comments

Popular posts from this blog

စာအုပ်အညွှန်း - ရထားပေါ်က မိန်းကလေး

စာအုပ်အညွှန်း - အရှေ့တံခါးအဝင်

စာအုပ်အညွှန်း - အိုဘယ့်အစိမ်းတို့မြေ