စာအုပ်အညွှန်း - မင်းဆက်ငါးသွယ်ရှင်ဘို့မယ် နှင့် အင်းဝ-ဟံသာဝတီ နှစ်လေးဆယ် ပဒေသရာဇ် အင်အားပြိုင်စစ်ပွဲ

"စာအုပ်အညွှန်း" 

အားလုံးပဲမင်္ဂလာပါ။

အခုဖော်ပြချင်တဲ့ စာအုပ်လေးကတော့ စိမ့် (ပညာရေး) ရဲ့
" မင်းဆက်ငါးသွယ်ရှင်ဘို့မယ် နှင့် အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်  ပဒေသရာဇ် အင်အားပြိုင်စစ်ပွဲ " စာအုပ်ပဲဖြစ်ပါတယ်။

စာအုပ်ထဲတွင် အင်းဝကို စတင်တည်ထောင်သူ သတိုးမင်းဖျားအကြောင်း၊ အင်းဝဘုရင်နှင့် ဟံသာဝတီ နှစ်လေးဆယ်စစ်အကြောင်း၊ ဟံသာဝတီနှင့် အင်းဝစစ်ပွဲတစ်ခုတွင် မိဖုရားရှင်ဘို့မယ် ဆင်ပေါ်ကကျခဲ့ရာ ဆင်ကဲက အသက်ကယ်ခဲ့သောကြောင့် ဆင်ကဲကျေးဇူးကိုသတိရကာ မင်းဘုရားကြီးရှေ့တွင်  "အို  ဆင်ကဲလေး" ဟု အော်မိသဖြင့် ဆင်ကဲအသက်ဆုံးရှုံးရပုံ၊ မင်းရဲကျော်စွာမွေးဖွားလာခြင်းနှင့် နောက်ဆုံးနေရာများအကြောင်း၊ ရှင်စောပုအကြောင်း၊ မိုးညှင်းမင်းတရားကြီး၏ လုပ်ဆောင်ချက်များနှင့် သက္ကရာဇ်ဖြိုခြင်းအကြောင်းတို့ကို ရေးသားဖော်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

စာမျက်နှာ (၂၈၁) မျက်နှာပါဝင်ပြီး
စာအုပ်တန်ဖိုး (၃၀၀၀) ကျပ်ဖြစ်သည်။

History  major တွေ အနေနဲ့ Hist 2101 တွင် 
သင်ရသည့် Fourty - year Wars အကြောင်း ကိုစုံလင်စွာဖော်ပြထားသော  ဤစာအုပ်ကိုမဖြစ်မနေဖတ်သင့်သည်ဟု အကြံပြုတင်ပြပါတယ်။

စာအုပ်အညွှန်းရေးသားသူ - အမှောင်ခွင်း

Comments

Popular posts from this blog

စာအုပ်အညွှန်း - ရထားပေါ်က မိန်းကလေး

စာအုပ်အညွှန်း - အရှေ့တံခါးအဝင်

စာအုပ်အညွှန်း - ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား