Posts

Showing posts from May, 2020

ထီးကလေး

Image
"ထီးကလေး" မိုးလေးဖွဲဖွဲ လေသဲသဲတွင် အမြဲခိုကိုး သူ့ကိုမိုးလည်း မစိုးမကြောက် မိုးပေါက်ပေါက်ကို မောက်မောက်မာန်မာန် သူခုခံစဉ် သခင်ရွှဲမည် စိုးသောကြောင့်....... ဖုံလုံးထူထူ နေနေပူပူတွင် အကူခိုအောင်း သူ့ကိုဆောင်းလည်း စိတ်ကောင်းခံလျက် မေတ္တာဓာတ်ဖြင့် မပျက်တာဝန် သူကျေပွန်သည် ဆူလွန်တက်နေ ထိုးသောကြောင့်....... သူသစ်လွင်လွင် ပျိုမြစ်စဉ်၌ သခင်ဦးကင်း မိုးအဆင်းနှင့် နေမင်းပူဒဏ် ကြံ့ကြံ့ခံ၍ အရံအင်အား သူဖြည့်ငြားခဲ့...... ရွဲ့ယွင်းယိုစောင်း သူအိုဟောင်းသော် ကြိုချောင်းချောင်ကြား ပစ်လို့ထားလည်း ခွန်အားအသစ် မေတ္တာစစ်ဖြင့် သခင့်ဦးထိပ် မေတ္တာရိပ်ကို နှစ်သိမ့်အမြဲ ပေးချင်ဆဲပင်....... #ဘုန်းလူမော်(မြန်မာစာ)

ပွေး

Image
"ပွေး" ပွေးပေါက်ဖူးသလား။ မပျော်ခြောက်လ ပျော်ခြောက်နှစ်လို့ ပြောကြတဲ့ဟာပေါ့။ ပျော်မပျော်သိရအောင် ခြောက်လလောက်တော့ မွေးစမ်းကြည့်စေချင်တယ်။ အဖုကလေးကစတာပေါ့။ မင်းရဲ့ ဆီးစပ်မှာ၊ ပေါင်ကြားမှာ၊ ဖင်ယားတဲ့အခါ အဲ့ဒါပွေးကိုက်တာ။ အဖုကလေးကနေ သွေးစုပ်ဖုတ်ကောင်ကိုက်ခံရသလို အကွင်းကြီးတွေဖြစ်လာ၊ တစ်ခုနဲ့တစ်ခုဆက်သွားတော့ မင်းမှာ အရေပြားတစ်လွှာပိုလာသလိုပေါ့။ မင်းရဲ့ ဖင်မှာ၊ ပေါင်မှာ၊ ဆီးစပ်မှာ ချွေးထွက်တဲ့အခါ ပွေးတွေယားလာ။ ကုတ်သလောက်ယားတဲ့ အမျိုး၊ ကုတ်နေရတာကိုက အရသာ၊ ကုတ်လိုက်တိုင်းလည်းပွါးလာ။ ပျောက်သလိုဖြစ်လိုက် ပေါ်လာလိုက် ပွေးဟာ မိန်းမတွေလို သိပ်မာယာများတယ်။ လူသိသွားမှာ မင်းရှက်နေလိမ့်မယ်။ လူတွေသိရင် မင်းကို ပွေးကျော်လို့ခေါ်ကြမှာ။ ဒီလိုနဲ့ အနေအထိုင်သိမ်မွေ့လာ။ မင်းစော်နဲ့ အမှတ်တရနေ့လေးတွေမှ မင်းဟာ စိတ်ထလည်း သိပ်မယွနိုင်ရှာပေါ့။ အရေပြားဆေးရုံသာ သွား။ မင်းကို မှိုသတ်ဆေးတွေ သောက်ခိုင်းမှာ။ လူပျိုမှိုတက်စကားက အဲ့ဒီ့ကစတာ။ ပြီးတော့ ဖန်ရေစိမ်ခိုင်းမယ်။ ဖင်၊ ပေါင်နဲ့ ဆီးစပ်ဆိုတော့ မင်းဟာ သန်းခေါင်ကျော်လည်း မအိပ်နိုင်ရှာ။ မြွေနှစ်ကောင်ထည့်ပါ။ တမာရွက်ပြုတ်ရေနဲ့ချိုးပါ။ ကြက်သွန်နီလှီးပွတ် အဲ့ဒါ ပွေးသိ...

မောင့်သည်းရှင်

Image
"မောင့်သည်းရှင်" မေ့ဆံနွယ် စံပယ်ပွင့် ကမ်း လင့် ဖို့ ရွယ်... မောင့်ကံနှယ် ဟိုအစွန်း ဝေး လွန်း လှ တယ်၊ မေ့ပါးပြင် ပါးကွက်မွှေး လိမ်း ပေး ခွင့် ရယ်... ဘယ်မတန် မောင်မျှော်မှန်း မော ပန်း လှ တယ်၊ ပင်မြင့်မယ် စံပါလျက် တင့် ရက် သူ ရယ်... ချူလိုပေါင် မျှော်ရုံတွေး နင့် ဆွေး ရ တယ်၊ လွမ်းဝတ်လွှာ ငုံကာဝင့် တမ်း ခွင့် မ မြင် ... သည်း နံ ရံ သံ စဉ် မြင့် မောင့် ချစ် တေး ရှင်..။ ။ #khu

အရူးမှာ အတွင်းခံတထည် ရှိစရာမလို

Image
"အရူးမှာ အတွင်းခံတစ်ထည် ရှိစရာမလို" အရူးမှာ ဘယ်သူစွန့်ကြဲခဲ့မှန်းမသိတဲ့ ပုဆိုးတစ်ထည်ရှိတယ်။ အကောင်းတော့မဟုတ်ဘူးပေါ့။ အလယ်က ဟက်တက်ကွဲနေတဲ့ နံငယ်ပိုင်းသာသာလေး။ ဘယ်ကတတ်လာတယ်တော့မသိ အဲ့ဒီ့နံငယ်ပိုင်းကိုပဲ အရူးက တောင်ရှည်လိုဝတ်တယ်။ အရူးက သူ့ဝတ်လဲတော်ကို အတွင်းပြင် အထက်အောက် မကြာမကြာလှည့်ဝတ်တယ်။ အဲ့လို လှည့်ဝတ်တဲ့အခါ အရူးပစ္စည်းဟာ ငေါက်တောက်ပဲ။ အရူးမှာ အတွင်းခံမှ မရှိဘဲကိုး။ အရူးက အတွင်းခံ ဝတ်ဖို့ရောလိုသလား။ ဘယ်သူမှ အရူးကို တကူးတကလိုက်ကြည့်မနေတဲ့အတွက် အရူးငေါက်တောက်ဖြစ်ရခြင်းဟာ ပြသနာတော့မဟုတ်။ အရူးက လည်တယ်၊ သူစောက်မြင်ကပ်နေတဲ့ သူတွေရှေ့ရောက်တိုင်း သူ့နံငယ်ပိုင်းကို ဖြန့်ဖြန့်ဝတ်တယ်။ အရူးငေါက်တောက်ဖြစ်တာ မဆန်းသမို့ ဒီငေါက်တောက်ဟာ ငါ့ကိုစော်ကားတာလို့ ဘယ်သူမှမ‌တွေးကြ။ အရူးဟာ လူချစ်လူခင်တော့ အပေါသား။ လူကောင်းတွေသာ ငတ်ချင်ငတ်နေမယ် အရူးမငတ်။ ရှိတဲ့သူ ကျွေးလိမ့်မပေါ့၊ အရူးက ချေးမများ။ တခါတခါ ခွေးတွေကိုတောင် ပြန်စွန့်ကြဲနိုင်တဲ့အထိ အရူးဟာ လျှံတယ်။ အရူးဟာ ဆေးပေါ့လိပ်လည်း ကြိုက်သေးတယ်။ ကုန်စုံဆိုင်ဟာ သူ့ရဲ့ ဆေးလိပ်ဒါယိကာပေါ့။ ဒါပေမယ့် အရူးဟာ မီးခြစ်တော့ မခြစ်တတ်။ သူခံတွင်းချဉ်လာရင် ဆိုင်ရှေ့...

Mawlamyine University Readers' Club ၏ website စာမျက်နှာအား ကြေညာခြင်း

Image
Mawlamyine University Readers' Club ၏ website စာမျက်နှာအား ကြေညာခြင်း Mawlamyine University Readers' Club ဝိုင်းတော်သားများနှင့် စာပေကိုချစ်မြတ်နိုးသူ ကျောင်းသားကျောင်းသူများ၏လက်ရာ ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ အက်ဆေးများနှင့် စာအုပ်အညွှန်းများအား တနေရာတည်းတွင် တစုတစည်းတည်းထားရှိ၍ ဝေဝေဆာဆာ စုံစုံလင်လင် ဖတ်ရှုနိုင်ရန် ရည်ရွယ်ချက်ဖြင့် Club ၏ Website တခုအား ဖွင့်လှစ်ထားရှိကြောင်း အသိပေးကြေညာအပ်ပါသည်။  အောက်ပါ link မှတဆင့် ဝင်ရောက်‌နိုင်ပါသည်။ https://mawlamyineuniversityreadersclub.blogspot.com #MawlamyineUniversityReadersClub #MURC