မောင့်သည်းရှင်
"မောင့်သည်းရှင်"
မေ့ဆံနွယ် စံပယ်ပွင့်
ကမ်း လင့် ဖို့ ရွယ်...
မောင့်ကံနှယ် ဟိုအစွန်း
ဝေး လွန်း လှ တယ်၊
မေ့ပါးပြင် ပါးကွက်မွှေး
လိမ်း ပေး ခွင့် ရယ်...
ဘယ်မတန် မောင်မျှော်မှန်း
မော ပန်း လှ တယ်၊
ပင်မြင့်မယ် စံပါလျက်
တင့် ရက် သူ ရယ်...
ချူလိုပေါင် မျှော်ရုံတွေး
နင့် ဆွေး ရ တယ်၊
လွမ်းဝတ်လွှာ ငုံကာဝင့်
တမ်း ခွင့် မ မြင် ...
သည်း နံ ရံ သံ စဉ် မြင့်
မောင့် ချစ် တေး ရှင်..။ ။
#khu
Comments
Post a Comment