ထီးကလေး

"ထီးကလေး"

မိုးလေးဖွဲဖွဲ လေသဲသဲတွင်
အမြဲခိုကိုး သူ့ကိုမိုးလည်း
မစိုးမကြောက် မိုးပေါက်ပေါက်ကို
မောက်မောက်မာန်မာန် သူခုခံစဉ်
သခင်ရွှဲမည် စိုးသောကြောင့်.......

ဖုံလုံးထူထူ နေနေပူပူတွင်
အကူခိုအောင်း သူ့ကိုဆောင်းလည်း
စိတ်ကောင်းခံလျက် မေတ္တာဓာတ်ဖြင့်
မပျက်တာဝန် သူကျေပွန်သည်
ဆူလွန်တက်နေ ထိုးသောကြောင့်.......

သူသစ်လွင်လွင် ပျိုမြစ်စဉ်၌
သခင်ဦးကင်း မိုးအဆင်းနှင့်
နေမင်းပူဒဏ် ကြံ့ကြံ့ခံ၍
အရံအင်အား သူဖြည့်ငြားခဲ့......

ရွဲ့ယွင်းယိုစောင်း သူအိုဟောင်းသော်
ကြိုချောင်းချောင်ကြား ပစ်လို့ထားလည်း
ခွန်အားအသစ် မေတ္တာစစ်ဖြင့်
သခင့်ဦးထိပ် မေတ္တာရိပ်ကို
နှစ်သိမ့်အမြဲ ပေးချင်ဆဲပင်.......

#ဘုန်းလူမော်(မြန်မာစာ)

Comments

Popular posts from this blog

စာအုပ်အညွှန်း - ရထားပေါ်က မိန်းကလေး

စာအုပ်အညွှန်း - အရှေ့တံခါးအဝင်

စာအုပ်အညွှန်း - ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား