စပါတန်တွေစကားဝိုင်းက အေသီနာ
"စပါတန်တွေစကားဝိုင်းက အေသီနာ"
ဗွီဒီယိုကားတွေထဲကလိုပေါ့ ငါ့ချစ်သူရဲ့ အမေဟာ အင်မတန်ငွေမက်တယ်။ ငွေရှင်တွေဟာ အသပြာနဲ့ ငါ့ချစ်သူကိုဝယ်ဖို့ ကြိုးစားကြတယ်။ သူ့အမေ မိန်းမကြီးကတော့ ပြုံးပြုံး ပြုံးပြုံးပေါ့။ ရုပ်ရှင်တွေထဲကလိုတော့ ငါ့ချစ်သူဟာ ငါ့နောက် ရူးရူးမိုက်မိုက် လိုက်မလာဘူး။ ငါကလည်း ငါ့ဘဝထဲ ဆွဲမခေါ်ခဲ့ပါဘူး။ ငါနဲ့တူလို့ ငါ့ချစ်သူဖြစ်နေတဲ့ မိန်းကလေးဟာ ငါ့လို စောက်ရွဲ့ပဲ။ ဖြူဖြူနွဲ့နွဲ့ ကောင်မလေးဟာ သူ့ရှေ့မှာ မရပ်တည်နိုင်ခဲ့တဲ့ ငါ့ကိုရော၊ သူ့ကို ရောင်းစားကြတဲ့ သူ့မိသားစုကိုပါ နာသွားတဲ့ ကျားနာပဲ။ သူဟာ သူ့ကိုယ်သူချရောင်းလိုက်တယ်။ တစ်ယောက်တည်းကိုတော့မဟုတ်ဘူး။ ဂေရှာ၊ ပြည့်တန်ဆာ၊ ဖာ ကြိုက်သလိုခေါ်ကြပေါ့။ သူဟာ နာရီပိုင်းလောက်ရဲ့ နတ်သမီးပဲ။ စောက်ဖြစ်မရှိတဲ့ ငါ့ကိုပုံမှန်နမ်းတယ်။ စောက်ဆံရှိတဲ့လူတွေနဲ့ လိင်ဆက်ဆံတယ်။ ဓနရှင်တွေနဲ့ တွဲသွားတာကြုံတိုင်း သူငါ့ကို ပြုံးပြတယ်။ "ဟေး.... ဟန်နီ" ဆိုပြီး နှုတ်ဆက်တယ်။ ငါ့နှုတ်ခမ်းကို စုပ်နမ်းတယ်။ ပြီးတော့ သူ့ကိုဝယ်လာတဲ့သူတွေကို စိတ်ကျေနပ်မှုပေးတယ်။ သူ့အမေကတော့ ရှက်လို့ သူ့ကိုစကားမပြောတော့ဘူး။ ငါပြောသလိုပါပဲ ဖြူဖြူနွဲ့နွဲ့ ငါ့ချစ်သူလေးဟာ ငါ့လို စောက်ရွဲ့ပဲ။ သူ့ကိုယ်သူ ထိုးကျွေးပြီး ငါတို့အားလုံးကို သတ်သွားတယ်။ သူ့မျက်ဝန်းတွေအရင်လိုမရွင်ပြတော့သလို ငါ့မြင်ကွင်းတွေဟာလည်း မရှင်သန်တော့ဘူး။ ဂေရှာ၊ ပြည့်တန်ဆာ၊ ဖာ ကြိုက်သလိုခေါ်ကြပါ၊ အဲ့ဒီ့ ကျားနာမလေးကို ငါချစ်တယ်။ သူ ဘယ်သူတွေနဲ့ ဆက်ဆံခဲ့လဲ ငါစိတ်မဝင်စားဘူး။ သူကလည်း ငါ့ကိုချစ်သားပဲ။ ငါနဲ့အိပ်တိုင်း သူဘယ်တော့မှ အခကြေးငွေမယူခဲ့။ သူ့ကိုလည်း ပေါက်စျေးပေး ငါမငှားနိုင်။ အပိုင်မဝယ်နိုင်။
#ချိုလိမ်
#MawlamyineUniversityReadersClub
#MURC
Comments
Post a Comment