နှာစေးခြင်း

"နှာစေးခြင်း"

တစီစီထွက်နေတဲ့ နှပ်တွေကို သူထိုင်ညှစ်နေတယ်။ တစ်ရှုးတစ်ထုပ်လုံး ကုန်တဲ့အထိ၊ တစ်ရှုးတွေ တစ်ရွက်ပြီးတစ်ရွက်။ တစ်ရှုးကုန်ခါနီးလာလေ သူ့မှာ ထွက်မယ့်နှပ်တွေကို ပြန်ပြန်ရှုသွင်းနေမိလေ။ သူ့မှာ တရှူးရှုး တရှဲရှဲ။ နှပ်တစ်ခါ ညှစ်တိုင်း အချိန်ကိုက်ပေါက်လာတဲ့ နှာခေါင်းက ဝက်ခြံကို သူကျိန်ဆဲတယ်။ တစ်ရှူး ဘယ်လောက်နုနု အကြိမ်ရေများလာတော့ နှာခေါင်းက ပွန်းလာ၊ နှပ်တစ်ခါညှစ်ရတာ ငရဲ ရှစ်ထပ်ရောက်သလို။ နှပ်တွေက တသွင်သွင်ထွက်နေတယ်။ သူ့နှပ်တွေကိုကြည့်ပြီး သူ့မချင့်မရဲ။ နှပ်တွေက အဖြူရောင်ဖြစ်နေတယ်။ ဒီပုံစံနဲ့ဆိုတော်ရုံကောင်းဦးမှာမဟုတ်။ နှပ်ရည်ကြည်တွေက ညှစ်ထုတ်ရတာ သိပ်အားမရ။ ခပ်ဝါဝါ ခပ်ပျစ်ပျစ် နှပ်တွေဆို ညှစ်ရတာ အဆင်ပြေလိမ့်မယ်။ နောက်ဆုံး တစ်ရှူးကို သုံးလိုက်ပြီးတဲ့နောက် အကြံကောင်းတစ်ခုရလာတယ်။ နှပ်တွေကို လည်ချောင်းထဲထိ ခပ်ကြမ်းကြမ်းပြန်ရှုသွင်းပြီး သလိပ်ခပ်သလိုထွေးထုတ်ပစ်လိုက်တယ်။ သူအတော်သဘောကျသွားတယ်။ ထထထွေးရတာ အလုပ်ရှုပ်ပေမယ့် ဒီနည်းနဲ့ဆို နှာခေါင်းကို ထိစရာမလိုတော့။ ခုနက နှပ်ညှစ်ထားတဲ့ တစ်ရှူးရဲ့ အစွန်းနားကိုလိပ်ပြီးတော့ နှာခေါင်းကို သန့်ရှင်းရေးလုပ်လိုက်တယ်။ မှားတာပဲ။ နှာခေါင်းကို သွားကလိမိတော့ နှာကချေချင်လာတယ်။ သူထိန်းကြည့်သေးတယ် မရတော့။ သူတောင့်တနေတဲ့ နှပ်ဝါဝါပျစ်ပျစ်တွေက ခုမှ ဂူအောင်းရာကထွက်လာပြီး သူရှေ့က ပုဂ္ဂိုလ်ရဲ့ မျက်နှာကိုပြေးကပ်တယ်။ အလောတကြီး ခုနက သုံးပြီးသားတစ်ရှူးနဲ့ပဲ အမြန်ပြန်သုတ်ပေးလိုက်တယ်။ နှပ်တွေနဲ့ ရွဲနေတဲ့ တစ်ရှူးပေါ့။ ထိုပုဂ္ဂိုလ်ကတော့ နှပ်ပေတာနဲ့ ဒေါသထွက်နေတာမို့ သတိမထားမိလိုက်။ အထူးသဖြင့် ခုနက နှပ်တွေစင်နေတဲ့ သူ့မျက်နှာကို သူမမြင်ရတာမို့ ဘာနဲ့တူနေသလဲ မသိလိုက်။ မျက်နှာမှာတော့ တစ်ရှူးဖတ်တွေ အလိပ်လိုက် အလိပ်လိုက်။

#ချိုလိမ်

Comments

Popular posts from this blog

စာအုပ်အညွှန်း - ရထားပေါ်က မိန်းကလေး

စာအုပ်အညွှန်း - အရှေ့တံခါးအဝင်

စာအုပ်အညွှန်း - ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား