အတောင်ပံများပါခဲ့ရင်

"အတောင်ပံများ ပါခဲ့ရင်"

ငိုင်၍ငေးစဥ်
စိတ်တွင်ရှုပ်ထွေး
တွေးမိတွေးရာ
ဘယ်ညာတောင်မြောက်
မျက်ဝန်းထောက်သည်
မြင့်စောက်ပင်ယံ ထက်ဆီသို့.........။

ပင်ယံထက်မှ
ဖိုမယှဥ်နွှဲ 
ငှက်စုံတွဲသည်
တီတာချိုနွဲ့ 
ချစ်တေးဖွဲ့ဆို
မေတ္တာပိုကြ 
ငါမြင်ရ၏.....။

ငှက်ပင်ဖြစ်ငြား
ချစ်စကားကို
မသိုမဝှက်
တောင်ပံခက်ကာ
သူရှိရာသို့
ပျံလှာဆိုနိုင် ပါသတည်း.....။

ငါ့အဖို့တွင်
ချစ်မို့ကြည်နူး
ငါ့သည်းဦးကို
မြူးထူးရွှင်စွာ
တီတာဖွဲ့လျက်
နီးမည့်ရက်အား
လှိုက်ဖိုရင်တွင်း
စောင့်ဆိုင်းရင်းပင်
ချစ်ခြင်းရှိရာ
 ငှက်တို့မှာလို
ဖြန့်ကာတောင်ပံ
ရောက်အောင်ဖန်၍
ပျံလှာလှချင် စမ်းပါဘိ.......။
                                   
#ဘုန်းလူမော်(အလွမ်းတို့တည်ရာ)

Comments

Popular posts from this blog

စာအုပ်အညွှန်း - ရထားပေါ်က မိန်းကလေး

စာအုပ်အညွှန်း - အရှေ့တံခါးအဝင်

စာအုပ်အညွှန်း - ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား