အရူးတယောက်ရဲ့ ဒိုင်ယာရီ

"အရူးတစ်ယောက်ရဲ့ဒိုင်ယာရီ"

မိုးမှောင်တဲ့ညကိုမုန်းတယ်
လမသာတဲ့ညကိုလည်းမုန်း
မပိုင်ဆိုင်နိုင်တဲ့ကြယ်ကို မမြင်ရလို့ပါ။ 

အမုန်းတွေဟာ
သောက်နေကျ ကော်ဖီတစ်ခွက်ထပ်ခါးမှာပါ
ရင်ထဲကပြုံးနေတာ ဘယ်မြင်မလဲ
တိမ်တွေဖုံးနေတာ
အားနာနာနဲ့ တခါတလေသူပြန်ပြုံးတာ
သံမဏိထက်မာတဲ့ နှလုံးသားလေးဟာ
တခါတလေ ရူးကြောင်ကြောင်
ဖယောင်းလို အရည်ပျော်သွားခဲ့တယ်။

လောကကြီးက ဘယ်မျက်နှာသာပေးမလဲ
အားနည်းချက်တွေ ပြည့်တဲ့သူကို။
ကံကိုလည်းမယုံတော့ပါ
ဆူးတွေ ဒဏ်ရာတွေ
နောက်ကျောမှာအပြည့်မို့။ 

ဟေ့...
မေ့မသွားနဲ့ကြယ်လေး
မြေပြင်မှာ ညတိုင်းလိုလို မင်းကိုစောင့်ကြည့်နေတဲ့
အရူးတယောက်ရှိတယ်ဆိုတာ။ 

#ရာမညမွန် (သောင်ပြင်) 

#MawlamyineUniversityReadersClub
#MURC

Comments

Popular posts from this blog

စာအုပ်အညွှန်း - ရထားပေါ်က မိန်းကလေး

စာအုပ်အညွှန်း - အရှေ့တံခါးအဝင်

စာအုပ်အညွှန်း - ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား