Posts

Showing posts from June, 2020

အရူးတယောက်ရဲ့ ဒိုင်ယာရီ

Image
"အရူးတစ်ယောက်ရဲ့ဒိုင်ယာရီ" မိုးမှောင်တဲ့ညကိုမုန်းတယ် လမသာတဲ့ညကိုလည်းမုန်း မပိုင်ဆိုင်နိုင်တဲ့ကြယ်ကို မမြင်ရလို့ပါ။  အမုန်းတွေဟာ သောက်နေကျ ကော်ဖီတစ်ခွက်ထပ်ခါးမှာပါ ရင်ထဲကပြုံးနေတာ ဘယ်မြင်မလဲ တိမ်တွေဖုံးနေတာ အားနာနာနဲ့ တခါတလေသူပြန်ပြုံးတာ သံမဏိထက်မာတဲ့ နှလုံးသားလေးဟာ တခါတလေ ရူးကြောင်ကြောင် ဖယောင်းလို အရည်ပျော်သွားခဲ့တယ်။ လောကကြီးက ဘယ်မျက်နှာသာပေးမလဲ အားနည်းချက်တွေ ပြည့်တဲ့သူကို။ ကံကိုလည်းမယုံတော့ပါ ဆူးတွေ ဒဏ်ရာတွေ နောက်ကျောမှာအပြည့်မို့။  ဟေ့... မေ့မသွားနဲ့ကြယ်လေး မြေပြင်မှာ ညတိုင်းလိုလို မင်းကိုစောင့်ကြည့်နေတဲ့ အရူးတယောက်ရှိတယ်ဆိုတာ။  #ရာမညမွန် (သောင်ပြင်)  #MawlamyineUniversityReadersClub #MURC

စပါတန်တွေစကားဝိုင်းက အေသီနာ

Image
"စပါတန်တွေစကားဝိုင်းက အေသီနာ" ဗွီဒီယိုကားတွေထဲကလိုပေါ့ ငါ့ချစ်သူရဲ့ အမေဟာ အင်မတန်ငွေမက်တယ်။ ငွေရှင်တွေဟာ အသပြာနဲ့ ငါ့ချစ်သူကိုဝယ်ဖို့ ကြိုးစားကြတယ်။ သူ့အမေ မိန်းမကြီးကတော့ ပြုံးပြုံး ပြုံးပြုံးပေါ့။ ရုပ်ရှင်တွေထဲကလိုတော့ ငါ့ချစ်သူဟာ ငါ့နောက် ရူးရူးမိုက်မိုက် လိုက်မလာဘူး။ ငါကလည်း ငါ့ဘဝထဲ ဆွဲမခေါ်ခဲ့ပါဘူး။ ငါနဲ့တူလို့ ငါ့ချစ်သူဖြစ်နေတဲ့ မိန်းကလေးဟာ ငါ့လို စောက်ရွဲ့ပဲ။ ဖြူဖြူနွဲ့နွဲ့ ကောင်မလေးဟာ သူ့ရှေ့မှာ မရပ်တည်နိုင်ခဲ့တဲ့ ငါ့ကိုရော၊ သူ့ကို ရောင်းစားကြတဲ့ သူ့မိသားစုကိုပါ နာသွားတဲ့ ကျားနာပဲ။ သူဟာ သူ့ကိုယ်သူချရောင်းလိုက်တယ်။ တစ်ယောက်တည်းကိုတော့မဟုတ်ဘူး။ ဂေရှာ၊ ပြည့်တန်ဆာ၊ ဖာ ကြိုက်သလိုခေါ်ကြပေါ့။ သူဟာ နာရီပိုင်းလောက်ရဲ့ နတ်သမီးပဲ။ စောက်ဖြစ်မရှိတဲ့ ငါ့ကိုပုံမှန်နမ်းတယ်။ စောက်ဆံရှိတဲ့လူတွေနဲ့ လိင်ဆက်ဆံတယ်။ ဓနရှင်တွေနဲ့ တွဲသွားတာကြုံတိုင်း သူငါ့ကို ပြုံးပြတယ်။ "ဟေး.... ဟန်နီ" ဆိုပြီး နှုတ်ဆက်တယ်။ ငါ့နှုတ်ခမ်းကို စုပ်နမ်းတယ်။ ပြီးတော့ သူ့ကိုဝယ်လာတဲ့သူတွေကို စိတ်ကျေနပ်မှုပေးတယ်။ သူ့အမေကတော့ ရှက်လို့ သူ့ကိုစကားမပြောတော့ဘူး။ ငါပြောသလိုပါပဲ ဖြူဖြူနွဲ့နွဲ့ ငါ့ချစ်သူလေးဟာ ငါ့လို...

အတောင်ပံများပါခဲ့ရင်

Image
"အတောင်ပံများ ပါခဲ့ရင်" ငိုင်၍ငေးစဥ် စိတ်တွင်ရှုပ်ထွေး တွေးမိတွေးရာ ဘယ်ညာတောင်မြောက် မျက်ဝန်းထောက်သည် မြင့်စောက်ပင်ယံ ထက်ဆီသို့.........။ ပင်ယံထက်မှ ဖိုမယှဥ်နွှဲ  ငှက်စုံတွဲသည် တီတာချိုနွဲ့  ချစ်တေးဖွဲ့ဆို မေတ္တာပိုကြ  ငါမြင်ရ၏.....။ ငှက်ပင်ဖြစ်ငြား ချစ်စကားကို မသိုမဝှက် တောင်ပံခက်ကာ သူရှိရာသို့ ပျံလှာဆိုနိုင် ပါသတည်း.....။ ငါ့အဖို့တွင် ချစ်မို့ကြည်နူး ငါ့သည်းဦးကို မြူးထူးရွှင်စွာ တီတာဖွဲ့လျက် နီးမည့်ရက်အား လှိုက်ဖိုရင်တွင်း စောင့်ဆိုင်းရင်းပင် ချစ်ခြင်းရှိရာ  ငှက်တို့မှာလို ဖြန့်ကာတောင်ပံ ရောက်အောင်ဖန်၍ ပျံလှာလှချင် စမ်းပါဘိ.......။                                     #ဘုန်းလူမော်(အလွမ်းတို့တည်ရာ)

မုဆိုးလော သားကောင်လော

Image
"မုဆိုးလော.....သားကောင်လော......" လက်ကြားလေးထဲထည့် နှုတ်ခမ်းလေးနဲ့ဖိ မီးလေးမြှိုက်လို့ ခန္ဓာရဲ့အတွင်းပိုင်းထိငါရှူရှိုက် ဒီလိုနဲ့ ငါကိုယ်ငါမုဆိုးလို့ ထင်ခဲ့ရ။ သားကောင်ဟာ လောင်ကျွမ်းပြာကျပြီး သူ့ရဲ့ဝိညာဥ်ဟာ ငါ့ရဲ့ အဆုတ်ထဲမှာ။ ငါကမုဆိုးလား သားကောင်လားမသဲကွဲ သေချာတာတစ်ခုက ငါကပြန်စားသုံးခံရတာပဲ။ မောလာတယ် အသက်ရှူတွေကျပ်လာတယ် ဒါလည်း ငါ့ကိုယ်ငါ သားကောင်လို့ မမြင်သေးဘူး။ ငါဟာ သားကောင်ကိုမစားရရင်မနေနိုင်ခဲ့ (မဟုတ်သေးဘူး) သားကောင်က ငါ့ကိုမစားရရင်မနေနိုင်ခဲ့။ အရွက်ခြောက်ကလေးတွေကိုမီးမမြှိုက်ရရင် လက်တွေတုန်လာတယ် ဒေါသတွေထွက်လာတယ် အာခေါင်တွေခြောက်ကပ်လာတယ်။ အဲ့ဒါတောင် ငါဟာ သားကောင်ဖြစ်မှန်း သားကောင်ဟာ မုဆိုးဖြစ်နေမှန်း ငါမသိသေးဘူး သေချာတာတစ်ခုက ငါဟာ  သားကောင်ရဲ့စားသုံးမှုကိုခံရတဲ့ မုဆိုး #နွေဦး

ကျက်သရေတုံးတဲ့ လ

Image
" ကျက်သရေတုံးတဲ့ လ " စိန်နားကပ်ရောင်နဲ့များ ပါးလာပြောင်ရတယ်လို့ မသိရင် သူကိုယ်ပိုင်အလင်းကျ။ ကျက်သရေတစက်မှမရှိတဲ့ လ...။ သံတိုင်‌တွေ နောက်က  သတ္တဝါကများ  "ငါက အပြင်မှာ.. ကိုယ့်လူ.. မင်းကသာ သံတိုင်‌နောက်ရောက်နေတာ" တဲ့။ ထွီ...။ လပါးဝလိုက်တဲ့ လ ...။ #လင်းဟန်

နှာစေးခြင်း

Image
"နှာစေးခြင်း" တစီစီထွက်နေတဲ့ နှပ်တွေကို သူထိုင်ညှစ်နေတယ်။ တစ်ရှုးတစ်ထုပ်လုံး ကုန်တဲ့အထိ၊ တစ်ရှုးတွေ တစ်ရွက်ပြီးတစ်ရွက်။ တစ်ရှုးကုန်ခါနီးလာလေ သူ့မှာ ထွက်မယ့်နှပ်တွေကို ပြန်ပြန်ရှုသွင်းနေမိလေ။ သူ့မှာ တရှူးရှုး တရှဲရှဲ။ နှပ်တစ်ခါ ညှစ်တိုင်း အချိန်ကိုက်ပေါက်လာတဲ့ နှာခေါင်းက ဝက်ခြံကို သူကျိန်ဆဲတယ်။ တစ်ရှူး ဘယ်လောက်နုနု အကြိမ်ရေများလာတော့ နှာခေါင်းက ပွန်းလာ၊ နှပ်တစ်ခါညှစ်ရတာ ငရဲ ရှစ်ထပ်ရောက်သလို။ နှပ်တွေက တသွင်သွင်ထွက်နေတယ်။ သူ့နှပ်တွေကိုကြည့်ပြီး သူ့မချင့်မရဲ။ နှပ်တွေက အဖြူရောင်ဖြစ်နေတယ်။ ဒီပုံစံနဲ့ဆိုတော်ရုံကောင်းဦးမှာမဟုတ်။ နှပ်ရည်ကြည်တွေက ညှစ်ထုတ်ရတာ သိပ်အားမရ။ ခပ်ဝါဝါ ခပ်ပျစ်ပျစ် နှပ်တွေဆို ညှစ်ရတာ အဆင်ပြေလိမ့်မယ်။ နောက်ဆုံး တစ်ရှူးကို သုံးလိုက်ပြီးတဲ့နောက် အကြံကောင်းတစ်ခုရလာတယ်။ နှပ်တွေကို လည်ချောင်းထဲထိ ခပ်ကြမ်းကြမ်းပြန်ရှုသွင်းပြီး သလိပ်ခပ်သလိုထွေးထုတ်ပစ်လိုက်တယ်။ သူအတော်သဘောကျသွားတယ်။ ထထထွေးရတာ အလုပ်ရှုပ်ပေမယ့် ဒီနည်းနဲ့ဆို နှာခေါင်းကို ထိစရာမလိုတော့။ ခုနက နှပ်ညှစ်ထားတဲ့ တစ်ရှူးရဲ့ အစွန်းနားကိုလိပ်ပြီးတော့ နှာခေါင်းကို သန့်ရှင်းရေးလုပ်လိုက်တယ်။ မှားတာပဲ။ နှာခေါင်းကို သွား...

တို့များရိုးရာ တို့ရိုးရာ

Image
"တို့များရိုးရာ တို့ရိုးရာ" ကျွန်တော်စဥ်းစားမိသည်မှာ ကြာပေပြီ။ သို့ပေမယ့် ဤစာကို ရေးမည် ရေးမည်နှင့် ချိန်နေရင်းပင် ကာလအတန်ကြာခဲ့ရ၏။ ခုတော့ ရေးဖြစ်အောင် ရေးလိုက်ပါတော့သည်။  ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာများ ကျနေမလားလို့တွေးမိသေးသည်။ကျွန်တော့်မှာရွေးချယ်စရာမရှိပါ။ မိမိကြုံတွေ့ဖြတ်သန်းနေရတဲ့ ခေတ်အခြေအနေ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး စတာတွေကို စာဖတ်သူတို့အား အနုပညာမြောက်စွာ​ ရေးသားဖော်ပြရမည်မှာ ကျွန်တော်တို့စာရေးသူများ၏ မဟာတာဝန်ကြီးမဟုတ်ပါလား။ နားလည်မှု —           ကျွန်တော်တို့ ရွှေမြန်မာအများစုသည်"နားလည်မှု" ဆိုသည့် သက်မဲ့စကားလုံးတစ်လုံးကို ဘက်လိုက်မှု နှင့် စည်းမဲ့ကမ်းမဲ့နိုင်မှု အတွက် အမြဲလိုလို သုံးစွဲနေကြသည်ကို မြင်ရ၏။ တွေ့ကြရပါသည် ။ အထူးသဖြင့် တရားရေးရာကိစ္စများ ၊လုပ်ငန်းခွင်များ စာတာတွေမှာ အမြဲတွေ့နေကြရသည် ။ နားလည်မှုဆိုသည့် စကားလုံးကို ဘက်လိုက်မှု(သို့မဟုတ်) စည်းမဲ့ကမ်းမဲ့နိုင်မှုအနေဖြင့် မှားယွင်းစွာ မှတ်ယူကျင့်သုံးနေသည့် ကျွန်တော်တို့ရွှေမြန်မာများ၏ ရိုးရာအမှားကြီး ကိုမပြောင်းလဲသရွေ့ ကျွန်တော်တို့အနာဂတ်သည် အမည်းရောင်သာ သန်းနေပေလိမ့်ဦးမည်။ မူတွေကို ပ...