Posts

Showing posts from March, 2020

စာအုပ်အညွှန်း - နန်းကျဘုရင်

Image
"စာအုပ်အညွှန်း" ဒီတခါ ညွှန်းပေးချင်တဲ့ စာအုပ်ကတော့ စာရေးဆရာမ Sudha Shah (ဆူဒါရှား) ရေးသားထားတဲ့ "The King in Exile" လို့အမည်ရတဲ့စာအုပ်ကို ဆရာဝင်းငြိမ်းက မြန်မာသာသာသို့ ပြန်ဆိုရေးသားထားတဲ့ " နန်းကျဘုရင် " ဆိုတဲ့စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျာ။ ဒီစာအုပ်မှာဆိုရင် ဗမာပြည် သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်မှာ နောက်ဆုံးဘုရင်ဖြစ်တဲ့ သီပေါမင်းရဲ့ ပါတော်မူပြီးနောက်ပိုင်းဘဝ အကြောင်းကို အကျယ်တဝင့်ရေးသားထားပါတယ်။  အပိုင်းသုံးပိုင်းနဲ့ ရေးသားထားတာဖြစ်ပြီး "နန်းမကျမီ" ဆိုတဲ့ အပိုင်း (၁) မှာဆိုရင် စုဖုရားလတ်နဲ့ သီပေါတို့အကြား ဆက်ဆံရေး၊ နန်းမကျမီအချိန်ကာလ နန်းတွင်းရေးရာ အခြေအနေ အရှုပ်အထွေးများနဲ့ စစ်ဘက်ရေးရာ သဘောထားကွဲလွဲမှုများ၊ စစ်ရှုံးပြီးနောက် နန်းတွင်း အခြေအနေများကို စိတ်ဝင်စားစရာကောင်းလောက်အောင် တွေ့ရမှာဖြစ်ပါတယ်။ ဒီအပိုင်းကတော့ ကျနော်ဖတ်ရတာ အရသာအတွေ့ဆုံးနဲ့ စိတ်ကို ဆွဲဆောင်လွှမ်းမိုးနိုင်စွမ်း အရှိဆုံးအပိုင်းလို့ ပြောရပါမယ်။ "ပါတော်မူပြီးဘဝ" နဲ့ "ပြည်တော်ပြန်ပြီးနောက်" ဆိုတဲ့ အပိုင်း (၂) နဲ့ (၃) ကတော့ ဒီစာအုပ်ရဲ့ အသက်ပါပဲ။ အိန္ဒိယပြည်ကို ပါတော်မူပြီး...

စာအုပ်အညွှန်း - ရထားပေါ်က မိန်းကလေး

Image
"စာအုပ်အညွှန်း" ကိုရိုနာဂယက်နဲ့ မြို့မပတ်နိုင်တော့တဲ့ ကိုယ်တို့လူငယ်တွေ အိမ်ထဲမှာနေရင်းပဲ အတွေးတွေ တောင်ပံဖြန့်ကြည့်ကြရအောင်...။စာတစ်အုပ်၊ လဖက်သုတ်တစ်ပွဲ၊ အကြမ်းရည်တစ်ခွက်နဲ့လည်း ကမ္ဘာပတ်နိုင်ပါတယ်ဆို ယုံမလား...။ ဒီနေ့အတွက်တော့ ဆရာချမ်းမြေ့ဝင်း ဘာသာပြန်ထားတဲ့ " ရထားပေါ်က မိန်းကလေး " ( Paula Hawkins_ The Girl On The Train) ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်...။ "လျှို့ဝှက်သည်းဖို"စာအုပ်မျိုး ဖြစ်တာကြောင့် မြှုပ်ကွက်ပေါင်းများစွာကြား အဖြေပေါင်းစုံထုတ်ကြည့်ရင်း ဦးနှောက်ကို အလုပ်ပေးကြည့်ကြမယ်...။ ဒီစာအုပ်က အချိန်၊နေရာ၊ခံယူချက်တွေ မတူညီကြတဲ့ မိန်းကလေးသုံးယောက်ရဲ့ နေရာကနေ ရေးသားထားတာ ဖြစ်ပါတယ်။ • အက်ရ်ှဗြူရီကနေ ယူစတန်ကိုသွားတဲ့ ခပ်နှေးနှေး ရထားအိုတစ်စင်းပေါ်က အရက်စွဲနေတဲ့ မိန်းမတစ်ယောက်ရယ်... • ငြီးငွေ့စရာ အိမ်ထောင်သည်ဘဝမှာ ပျော်ရွှင်စရာတွေနဲ့သာ ရှင်သန်လိုပါတယ်ဆိုတဲ့ လောကမှာမပြည့်နိုင်ဆုံးဆုကို မျှော်လင့်နေတတ်တဲ့ မိန်းမတစ်ယောက်ရယ်... • အပြောင်းအလဲတွေကိုသာ နှစ်သက်တဲ့ တစ်ဇာတ်လုံးနာမယ့် မိန်းမတစ်ယောက်ရယ်... • စာအုပ်တစ်ဝက်ကျိုးအောင် ဖတ်ပြီးတဲ့အထိကို အဖြေထုတ်မရန...

စာအုပ်အညွှန်း - ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား

Image
"စာအုပ်အညွှန်း" အခုပြောပြမယ့် စာအုပ်ကတော့ မိုးမိုး(အင်းလျား)ရဲ့ " ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား " ဆိုတဲ့စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်မှာတော့ ဆယ်ကျော်သက်အရွယ်မှာ ပေါက်ဖွားလာတတ်တဲ့ အချစ်ရဲ့သဘောတရားတွေ၊ မရင့်ကျက်မှုတွေ၊ အချစ်ကို ယုံကြည်လွန်းလို့ ပျက်စီးသွားရတဲ့အကြောင်းတွေကို ဦးတည်ထားပါတယ်။ ငယ်ရွယ်နုနယ်တဲ့ "စု" ဆိုတဲ့ မိန်းကလေးတဦးရဲ့ အချစ်ကို ကိုးကွယ်လွန်းပုံ၊ အိမ်ထောင်စောစောကျပီး သူဌေးသမီးမို့ ဘ၀အကြောင်းမသင်ယူခဲ့ရတော့ ဒုက္ခအဖြာဖြာကြုံရပုံ၊ သူမ မိသားစုနဲ့ လင်ယောက်ျားအကြား ဗျာများရပုံတို့ကို ဆရာမက ရိုးရိုးနဲ့ရှင်းရှင်းနားလည်အောင် စီကုံးရေးသားထားပါတယ်။ ဒီတော့ ကျောင်းပိတ်ရက် ဆွေးမြေ့မြေ့နွေရာသီမှာ စာအုပ်လေးကို လွမ်းလွမ်းလေးခံစားပြီး ဖတ်လိုက်ရအောင်။ စာအုပ်တန်ဖိုးကတော့ (၁၅၀၀) ဖြစ်ပြီး စာမျက်နှာ (၂၆၃) မျက်နှာ ပါဝင်ပါတယ်။ စာအုပ်အညွှန်းရေးသားသူ - မကြည်လင်းလက်စိုး

စာအုပ်အညွှန်း - မင်းဆက်ငါးသွယ်ရှင်ဘို့မယ် နှင့် အင်းဝ-ဟံသာဝတီ နှစ်လေးဆယ် ပဒေသရာဇ် အင်အားပြိုင်စစ်ပွဲ

Image
"စာအုပ်အညွှန်း"  အားလုံးပဲမင်္ဂလာပါ။ အခုဖော်ပြချင်တဲ့ စာအုပ်လေးကတော့ စိမ့် (ပညာရေး) ရဲ့ " မင်းဆက်ငါးသွယ်ရှင်ဘို့မယ် နှင့် အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်  ပဒေသရာဇ် အင်အားပြိုင်စစ်ပွဲ " စာအုပ်ပဲဖြစ်ပါတယ်။ စာအုပ်ထဲတွင် အင်းဝကို စတင်တည်ထောင်သူ သတိုးမင်းဖျားအကြောင်း၊ အင်းဝဘုရင်နှင့် ဟံသာဝတီ နှစ်လေးဆယ်စစ်အကြောင်း၊ ဟံသာဝတီနှင့် အင်းဝစစ်ပွဲတစ်ခုတွင် မိဖုရားရှင်ဘို့မယ် ဆင်ပေါ်ကကျခဲ့ရာ ဆင်ကဲက အသက်ကယ်ခဲ့သောကြောင့် ဆင်ကဲကျေးဇူးကိုသတိရကာ မင်းဘုရားကြီးရှေ့တွင်  "အို  ဆင်ကဲလေး" ဟု အော်မိသဖြင့် ဆင်ကဲအသက်ဆုံးရှုံးရပုံ၊ မင်းရဲကျော်စွာမွေးဖွားလာခြင်းနှင့် နောက်ဆုံးနေရာများအကြောင်း၊ ရှင်စောပုအကြောင်း၊ မိုးညှင်းမင်းတရားကြီး၏ လုပ်ဆောင်ချက်များနှင့် သက္ကရာဇ်ဖြိုခြင်းအကြောင်းတို့ကို ရေးသားဖော်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ စာမျက်နှာ (၂၈၁) မျက်နှာပါဝင်ပြီး စာအုပ်တန်ဖိုး (၃၀၀၀) ကျပ်ဖြစ်သည်။ History  major တွေ အနေနဲ့ Hist 2101 တွင်  သင်ရသည့် Fourty - year Wars အကြောင်း ကိုစုံလင်စွာဖော်ပြထားသော  ဤစာအုပ်ကိုမဖြစ်မနေဖတ်သင့်သည်ဟု အကြံပြုတင်ပြပါတယ်။ စာအုပ်အညွှန်းရေးသားသူ - အမှောင်...

စာအုပ်အညွှန်း - ဘာလဲဟဲ့ လူ့ငရဲ

Image
"စာအုပ်အညွှန်း" အားလုံးပဲ မင်္ဂလာပါ။ ဒီတခါ ညွှန်းပေးမယ့် စာအုပ်ကတော့ ဟံသာဝတီဦးဝင်းတင်ရဲ့ " ဘာလဲဟဲ့ လူ့ငရဲ " ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ သံမဏိလူသား လို့ တင်စားပြောဆိုကြတဲ့ ဟံသာဝတီဦးဝင်းတင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ "လူတွေဖန်တီးထားတဲ့ လူ့ငရဲ" လို့ သတ်မှတ်ရလောက်အောင် ဆိုးရွားလှတဲ့ ထောင်တွင်းဖြတ်သန်းမှု နေ့ရက်တွေ၊ သူ့ရဲ့ သံမဏိလို မာကြောတဲ့ စိတ်ဓာတ်၊ လေးစားထိုက်တဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ ပြီးတော့ ထောင်နံရံဖောက်ထွက်လာတဲ့ ကဗျာအချို့ကို ဒီစာအုပ်မှာတွေ့ရမှာပါ။ စာအုပ်ထဲမှာပါဝင်တဲ့ ထောင်တွင်းနေထိုင်ခဲ့ရစဉ် ရေးစပ်ခဲ့သော "ကျားရဲ ငါ" ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ဖော်ပြပေးပါ့မယ်။ "ကျားရဲ ငါ" နေပြင်းရင် နှင်းမှုန်ရင် ဆွေ့ဆွေ့ခုန် အိုက်လိုအိုက် ခိုက်ခိုက်တုန် ချမ်းလိုချမ်း။ အခန်းကျဉ်းကျဉ်း အလင်းမဝင် လေမဝင် နေမမြင် လမမြင် လူမမြင် သူမမြင် ထိုင်ရင်ထိုင် မထိုင်ရင်ငေး အိပ်ရင်အိပ် မအိပ်ရင်တွေး။ သတင်မေးဖို့ ဝေးရော သီချင်းလေးမှ မဆိုရ စာဖတ်ဖို့ ဝေးရော ကဗျာလေးမှ မစပ်ရ တရားဟောဖို့ ဝေးရော စကားလေးမှ မပြောရ အဟောသိကံ သံသရာ ငါ့ကမ္ဘာ ပိစိကွေး အခန်းကျဉ်းလေး ပတ်လျှောက်လိုက် သံတံ...

စာအုပ်အညွှန်း - ၁၉၇၄ ဦးသန့်အရေးအခင်း တိုက်ပွဲဝင်သူများ၏ သမိုင်းဝင်မှတ်တမ်း

Image
"စာအုပ်အညွှန်း" ဒီနေ့အတွက် စာအုပ်အညွှန်းကဏ္ဍမှာ ဓာတ်ပုံ ထိန်ဝင်း စီစဉ်ပြီး ဗမာအမျိုးသမီး ပုံနှိပ်တိုက်က ပုံနှိပ်ထုတ်ဝေတဲ့ "  ၁၉၇၄ ဦးသန့်အရေးအခင်း တိုက်ပွဲဝင်သူများ၏ သမိုင်းဝင်မှတ်တမ်း " ဆိုတဲ့စာအုပ်နဲ့ မိတ်ဆက်ပေးပါ့မယ်။ စာမျက်နှာပေါင်း ၃၄၃ မျက်နှာ ပါဝင်ပြီးတော့ တန်ဖိုးကတော့ ၅၅၀၀ ကျပ်ဖြစ်ပါတယ်။    ဒီစာအုပ်ထဲမှာတော့ ၁၉၆၁ ခုနှစ်ကစ ၁၉၇၁ ခုနှစ်ထိ ၁၀နှစ်ကြာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့်အကြောင်းနဲ့ ဦးသန့်ရဲ့ စျာပနအခမ်းအနားကို စစ်အစိုးရက ပြီးစလွယ် ဆောင်ရွက်ရာမှ ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ ဖြစ်ပေါ်လာတဲ့ ဦးသန့်အရေးအခင်းအကြောင်းကို အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေနဲ့ စုံလင်အောင် ဖော်ပြထားပါတယ်။ မည်သူမဆို ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ်။ ကဲ အမြည်းလေးတော့ တင်ပေးမယ်ဗျာ . . . . . ။ - ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်၊ ဦးသန့်ရုပ်ကလာပ် မြန်မာနိုင်ငံ ကြံတောသင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုလ်မည်ဟု ပြည်သူလူထုကို ကြေညာခဲ့ပါသည်။             နိုင်ငံတေ...

စာအုပ်အညွှန်း - အိုဘယ့်အစိမ်းတို့မြေ

Image
"စာအုပ်အညွှန်း" အားလုံးပဲ မင်္ဂလာပါ။ ကျနော်တို့ Mawlamyine University Readers' Club ကနေပြီးတော့ ပိတ်ရက်တွေမှာ ဖတ်ချင်စရာကောင်းတဲ့ စာအုပ်တွေကို ပြောပြဝေမျှပေးသွားမယ့် စာအုပ်အညွှန်း အစီအစဉ်‌လေး တခု လုပ်ထားပါတယ်။ အခုပြောပြမယ့် စာအုပ်က ဆရာသင့်လူရဲ့ ဘာသာပြန်စာအုပ်တအုပ်ဖြစ်တဲ့ " အိုဘယ့် အစိမ်းတို့မြေ " ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်ဟာဆိုရင် မြန်မာနိုင်ငံဖွား ကယန်းတိုင်းရင်းသားတစ်ဦးဖြစ်သူ ပါစကယ်ခူးသွယ် ရဲ့ From the Land of Green Ghosts စာအုပ်ကို ဆရာ သင့်လူ က အိုဘယ့်အစိမ်းတို့မြေ ဆိုတဲ့ အမည်နဲ့ ဘာသာပြန်ဆိုထားတဲ့ ဘာသာပြန်စာအုပ်ကောင်းတစ်အုပ်ပါ။ ငါတို့စာပေ တိုက်ထုတ်ဖြစ်ပြီး တန်ဖိုး ၄၅၀၀ ကျပ်ပါဗျ။ စာမျက်နှာက ၃၈၁ မျက်နှာပါဝင်ပါတယ်။ မူရင်းစာအုပ်ဟာဆိုရင် ၂၀၁၂ ခုနှစ် တောင်အာရှ အကောင်းဆုံးစာပေဆုရ စာအုပ်ဖြစ်ပြီး ဒီစာအုပ်ကို အပိုင်းသုံးပိုင်းခွဲရေးသားထားပါတယ်ဗျ။ ပထမပိုင်းမှာ စာရေးသူရဲ့ ဇာတိနဲ့ ငယ်ဘဝ ကို ဖော်ပြထားပြီး စာရေးသူရဲ့ ဇာတိမြေက ရိုးရာတွေ၊ အယူအဆတွေ၊ တောင်တန်းဒေသနဲ့ ပြည်မအဆက်အသွယ် ခက်ခဲချိန်ကာလက အကြောင်းအရာတွေကို စိတ်ဝင်တစား တွေ့ရမှာပါ။ ဒုတိယပိုင်းမှာတော့ မန္တလေးရောက်လာတဲ့ တော...